ငါးခူ​မွေးမြူ​ရေး

ကျွန်ုပ် တို့ မြန်မာ နိုင်ငံဟာဖြင့် ရေမြေ အနေအထား အထူး အလွန် ကောင်းမွန်သောကြောင့် သဘာဝသစ်တောကြီးများ ကြီးမား ကျယ်ပြန်စွာ တည်ရှိကြသလို ၊ ရေချို ရေငံ ထွက် ရေနေ သတ္တ၀ါများ လည်း ပေါများပေသည်။သို့သော် ထိုသို့ပေါများတိုင်း ဖမ်းယူစားသောက်သုံးစွဲနေမည် ဆိုလျှင်ဖြင့် ကျွန်ုပ်တို့၏ သယံဇာတ များ လျော့နည်းပျောက်ကွယ် သွားမည်ကိုလည်း စိုးရိမ်ရပေသည်။
တစ်ဖက်တစ်လမ်းကအနေဖြင့်၊ ကိုယ်တိုင် မွေးမြူရောင်းချခြင်းဖြင့် သဘာဝ သယံဇာတ များအား ဖြုန်းတီးခြင်းမှ လည်း ကင်းဝေးစေ ပါသည်။ ကျွန်ုပ် မွေးမြူခဲ့သော တစ်နိုင် တစ်ပိုင် ငါးမွေးမြူနည်း အတွေ့ အကြုံကို ဖော်ပြပေးပါမည်။
"တစ်ကောင် ၆၀ x ၅၀၀ ၊အကို သုံးသောင်းကျပါတယ်"
"ဟုတ်ကဲ့ ......ရော့ အကို သုံးသောင်း၊သေချာ ထုပ်ပိုးထားပါတယ်နော် အကို"
"ဟုတ်ကဲ့ သေချာ လုပ်ပေးလိုက်ပါတယ်"
အချိန်ကလည်း မနက် ၉နာရီ ဖြစ်နေပြီမို့ သွတ်သွတ် လတ်လတ် ဘဲ ငွေရှင်း၍ ပစ္စည်းများကို စနစ်တကျသယ်ကာ ကားဂိတ်သို့ ထွက်လာ ခဲ့သည်။ကျွန်တော်တို့မြို့သိုထွက်သောကားမှာ 9:30 AM ဖြစ်ပြီး၊ကျွန်ုပ် သယ်ဆောင် လာသော ပစ္စည်းများမှာ နေပူသိပ်ခံ၍ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ပစ္စည်းများမှာ ငါးကလေးသားပေါက်များဖြစ်သည်။ ၉ နာရီ လည်း ခွဲပြီ ဖြစ်၍ ကားလည်း ထွက်ခွာခဲ့ပြီ။
hih.jpg
"အကို ဖြည်းဖြည်း ချနော် အထဲမှာ ငါးပေါက်လေးတွေပါလို့"
ကားပေါ်မှ ပစ္စည်းချပေးသူမှာ ဘာမှ မပြောဘဲ အလုပ်နဲ့သာ သက်သေပြသည်။ကျွန်ုပ်လည်း ငါးပေါက်လေးများထည့်လာသော ရေလုံ ပုံးကို ဂရု တစိုက် သယ်လာခဲ့သည်။ အိမ်သိုရောက်သော် အသင့်ပြုလုပ်ထားသော တာပေါ်လင် ကန်ထဲသို့ငါးပေါက် လေးများကို လှယ်ထည့်လိုက်သည်။ ပြီးနောက် အသင့်ပြုလုပ်ထားသော ငါးစာလေးများကို ချကျွေးလိုက်သည်။
တစ်ရက်ခန့် ကြာသော ငါးကန် ထဲတွင် ယမန်နေ့က ကျွေးထားသော ငါးစားများကို တွေ့ရသည်။ ကျွန်နုပ်သည် ထို အစာ ဟောင်းများကို ရှင်းပစ်ပြီး အစာ သစ် လဲလှယ်ကျွေးသည်။ ညနေစောင်းရောက်သော် ငါးကန်အတွင်း ရေများကို လှယ်ပေးခဲ့သည်။ ဤသို့ နေ့စဉ် ရက်ဆက် ပြုလုပ်ပေးခဲ့ပြီး ၃ ရက် မှ တစ်ပတ် အတွင်း ငါးပေါက် လေးများ တစ်ကောင်စ၊ နှစ်ကောင်စ၊ အသေအပျောက် ဖြစ်လာသည်။
ထိုငါးပေါက်ငယ် အသေ ကလေးများကို ရှင်းထုတ်ပြီး ရေအသစ် ပြန်လှယ် အစာများ ဂရုတစိုက် ကျွေးမွေးပြီးထားသည်။ သို့သော်လည်း ငါးသေနှုန်းများ လျော့ ကျမသွားဘဲ သိသိသာသာ ပိုတိုးလာသည်။ တစ်လခွဲလောက်အကြာတွင်တော့ ငါးပေါက် ကလေးများ တစ်ချို့မှာ သေးသည့်ငါးက သေး ကြီးသည့် ငါးများကကြီး အကောင် အရွယ် မတူ တော့ပေ။ထို့ အပြင် အကောင်းသေးများတာ သေချင်းပြုချင်း မရှိဘဲ ပျောက်ပျောက်သွားသည်။
index.jpg
ထိုအကြောင်းအရာကို ကျွန်ုပ် လည်း စဉ်းစား၍ မ၇ချေ။ သူခိုး ခိုးရအောင်လည်း ခြံက အလုံပိတ်ကာထားသည်။ တစ်နေ့ ကျွန်ုပ် ငါးအစာ ကျွေးရန် ပြုလုပ်နေစဉ် ငါးကန်ထဲမှ ရေသံကြား၍ ကြည့်မိရာ ငါး အကြီးက ငါးအသေးကို လိုက်စားနေခြင်းဖြစ်သည်။ ၃လ ကျော်ခန့် ကြာသော် ငါးများအား ပြန်လည် ရောင်းချခဲ့ရာ အကောင် ၆၀ ကျော် ခန့် သာ ရောင်းချနိုင်ခဲ့သည်။ကျန်ငါးများမှာ သေချင်း ပျောက်ချင်းဖြင့် အကောင် ၆၀ ကျော် မျှသာ တင်ကျန်ခြင်းဖြစ်သည်။သို့သော်လည်း ငွေကြေး အဖြစ်တော့ အရှုံး မရှိခဲ့ပေ။
သို့သော် ကျွန်ုပ် သိပ်တော့ မကျေနပ်ပေ။ အကောင် ၅၀၀ မွေးရာ ၆၀ကျော်မျှာ အဖက်တင်သည်။ နည်းလမ်းကောင်းများ လိုအပ်မည်ဟု ကျွန်ုပ် ထင်သည်။ ထို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်း များ၊ စာစောင်များ နှင့် လက်ရှိငါး မွေးမြူ ၍စီးပွားဖြစ်နေသော မိတ်ဆွေများ ဆရာများ ကို မေးမြန်း လေ့လာခဲ့သည်။ ပြီးနောက် နည်းလမ်းကောင်းများရကာကျွန်ုပ် ပြန်လည် မွေးမြူခဲ့သည်။ သို့မှသာ စိတ်ကျေနပ်မှူကိုရရှိ ခဲ့သည်။ ငါးသားပေါက် အကောင် ၁၀၀၀ မွေးရာ ၈၀၀ ကျော် ခန့် ပြန်လည် ရောင်းရနိုင်ခဲ့သည်။
ကျွနုပ် မွေးမြူ ရောင်းချခဲ့သော ငါးများမှာ ငါးခူ များဖြစ်သည်။ လူ အလွန် ဂရုစိုက်ရသည် ၊ ထိုငါးမှာ အသက် အရမ်းနုသည်။ ဂရုစိုက်နှိုင်လျှင်
အဆင်ပြေပါသည်။ ယခုလည်း ကျွန်ုပ်မွေးထားသော ငါးများမှာ ၁၅ရက်သား အရွယ်သို့ရောက် ရှိနေပြီး ကျန်းမာရေးလည်း ကောင်းသည် ဟုသိရသည်။ ကျွန်ုပ်မှာကျောင်းလာတတ်နေသောကြောင့် ငါးကန်အား အိမ်တွင် ရှိသော သူများက ဂရုစိုက် ကြည့် ရှူရည်။
images.jpg

ငါးခူ မွေးမြူနည်း

ငါးမွေးမြူရာတွင် မြေကြီးပေါ်တွင် ကန်တူး၍ မွေးမြူခြင်း ၊ အုတ်ကန်ပြုလုပ်၍ မွေးမြူခြင်း ၊ တာပေါ်လင် ကန်ဖြင့် မွေူမြူခြင်း စသည့်ဖြင့် ပုံစံ အမျိုးမျီုး ဖြင့် မွေူမြူကြသည်။
ကျွန်ုပ် မွေးမြူသော တာပေါ်လင် ကန်တွင် မွေးမြူနည်းကို ဖော်ပြပါမည်။ ​မွေးမြူ​ရေးကန်​ကို ပထမဆုံးအ​နေ နဲ့ ၁၅ ​ပေ ပတ်​လည်​ကန်​တစ်​ ကန်​လုပ်​ပါ၊ တာ​ပေါ်လင်​ကန်​​ဘောင်​များကို ခိုင်​ခန့်​​အောင်​ ​သေခြာလုပ်​ကိုင်​ပြီး တာ​ပေါ်လင်​ကန်​ထဲသို့ ​ရေ တစ်​​ပေခန့်​ ထည့်​ပါ။ ရေထည့်​ပြီး ဆားကြမ်း ၅၀ သား ခန့်​ ကို ကန်အတွင်းသို့ ဖျော်ပါ။
ထိုဆားရည်​စိမ်​ကန်​ကို ၂၄ နာရီခန့်ထား၍ ​နောက်​တစ်​​နေ့ မိုးလင်းအချိန်​၌ ​ရေကို​ဖောက်​ချပါ။ ပြီးလျှင်​နောက်​တစ်​ကြိမ်​ ​ရေပြန်​ဖြည့်​ပြီး ဆား ၅၀သားပတ်​​ပေးပါ။ထို​ရေကို ၁၀နာရီခန့် ထားရှိပြီး ငါးသား​ပေါက်​​များ ၀ယ်​ယူ၍ စတင်​ ​မွေးမြူနိုင်​ပါသည်။
ငါးသား​ပေါက်​များ သယ်​ယူရာတွင်​ လမ်းခရီး၌ အချိန်​ကြာမြင့်​ခြင်း၊ ​ကူးသန်းသွားလာခြင်း၊ ပုံးအတွင်း၌ မွန်းကြပ်​ခြင်း ​လှောင်​ပိတ်​ခြင်းတို့ ​ကြောင့်​ ပင်ပန်းမှူများဖြစ်​တက်​၍ ထို​နေ့ တစ်​ရက်​၌ အစာမ​ကျွေးရပါ။ကျွန်ုပ် ထိုအချက်ကြောင့် ပထမ အသုတ်တွင် ငါးများသေ ရခြင်းဖြစ်သည်။
ငါးများ​ရောက်​ပြီ ဆိုလျှင်​​ ကန်​​ရေအတွင်း ချက်​ခြင်း ထည့်​၍ မ​မွေးမြူ​ရပါ​။ သယ်​ယူရာ ​ရေအပူ အ​အေးနှင့် ကန်​​ရေအတွင်းရှိ အပူအ​အေး မညီမျှသော့ကြောင့်ဖြစ်သည်။ တန်းထည့်​ပါက ​ရောဂါများကြ​ရောက်​နိုင်​ပါသည်​။ငါးများသယ်ယူလာသည့်ပုံးကို ကန်​အတွင်း​ရေ၌်​ နာရီဝက်​ခန့်စိမ်​ထား​ပေးပါ။နာရီဝက်အကြာ စိမ်​ပြီးပါက ကန်​အတွင်းရှိတွင်​ ချ၍ ​မွေးမြူနိုင်​ပါသည်​။

အစာ​ကျွေးပုံ

ငါးပေါက်ကလေးများအား နိုင်​ငံခြားမှာ လာ​သော အစာများ ​ကျွေးမြူနိုင်​ပြီး၊ မြန်​မာပြည်ထုတ်​ အသင့်​အစာများကိုလည်း ​ကျွေးမွေးနိုင်​ပါသည်။ အသင့်​​ကျွေးနိုင်​​သော အစာများကို ငယ်​ရွယ်​တဲ့အချိန်မှာသာ​ ​ကျွေး​မွေးသင့်ပြီး၊အစာကို သင့်​​တင့်​သ​လောက်​ထည့်​၍ ၀မ်းနုတ်​​ဆေး သို့မဟုတ်​ MOM ၀မ်း​ပျော့​ဆေး အနည်းငယ် ရောဆပ်ကာ ကျွေမွေးရပါမည်။
အဓိက အချက်​မှာ ​ရေကို ဖြစ်​နိုင်​လျှင်​ ​နေ့တိုင်း လဲလှယ်​​ပေးရပါမည်။ရေရှင်​ သ​ဘောမျိုးကို ကြိုက်​၍ ကျန်းမာ​ရေး​ကောင်းမွန်​စေပါသည်။
ရေ၌ ​ပျော်​၀င်​​သော ​အောက်​စီဂျင်​ ကို ​ရေပန်းချ​ပေးထားလျှင် ပိုမို အဆင်ပြေပါသည်။စမွေးသည့်နေ့မှတစ်လအကြာတွင် ​ဒေသထွက်​ အသားတို၊ အသားစနဲ့ ထမင်းကျန်​ဟင်းကျန်​များ ကျွေးမွေးနိုင်ပါသည်။



Comments

Popular posts from this blog

ဒေသကြက်မွေးမြူနည်း အစာစပ်နည်းနှင့် အခြားစနစ်များ

ဈေးကွက်အာမခံချက် အခိုင်အမာရရှိထားတဲ့ မြန်မာတိုင်းရင်းကြက်တွေကို စီးပွားဖြစ်ဘယ်လိုမွေးမြူကြမလဲ…အပိုင်း(၁)