နွားခြံရှိ နွားများဖွဲ့စည်းပုံနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု

*** နွားခြံရှိ နွားများဖွဲ့စည်းပုံနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု

* ခြံတွင် ဆက်လက်မွေးမြူရန် မသင့်သောနွားများ *

(၁) နွားမတစ်ကောင်သည် မေထုန်မဲ့နည်းဖြင့် ၃ ကြိမ်သားစပ်ပြီး နွားသိုးဖြင့် ၂ ကြိမ်ထပ်စပ်သော်လည်း ဇီးမရသော နွားမများ
(၂) နို့အုံရောင်ရောဂါအဖြစ်များသောနွားမများ (၃ ကြိမ်နှင့် ၃ ကြိမ်အထက်)
(၃) နို့အုံကို ဆိုင်းထားသောအရွတ်များမသန်မာ၍ တံကောက်ခွက်အောက်ထိ နို့အုံတွဲကျနေသောနွားမများ
(၄) ခြေထောက်နာဖူးသောနွားမများ (၃ ကြိမ်နှင့် ၃ ကြိမ်အထက်)
(၅) နို့ထွက်နှုန်းမကောင်းသောနွားမများ
(၆) အသက်ကြီးသောနွားမများ
(၇) အခြားအကြောင်းအရင်းများ -အပြုအမူသဘာဝကြမ်းတမ်းခြင်း, အကျိုးအမြတ်တွက်ခြေမကိုက်ခြင်း

* ဇီးလည်းမရနိုင် နို့လည်းမရနိုင်သော နို့ခမ်းနွားမများ*

(၁) နို့မရသောနွားများအား အစာဝယ်ကျွေးရခြင်း, နို့ပေးနွားမများအားကျွေးရမည့်အစား ၎င်းတို့အားကျွေးနေရခြင်းတို့ကြောင့် ငွေကြေးကုန်ကျမှုပိုများသည်။
(၂) ထိုဇီးမရ နို့မရနိုင်သောနွားများကို ပယ်ရမည်။
(၃) ခြံတွင် ထိုကဲ့သို့သောနွားများမရှိလာစေဘဲ သားရမှန်စေရန် -
- မြိုင်သေချာစောင့်ကြည့်ခြင်း
- အချိန်မှန် နည်းစနစ်မှန် သားစပ်ခြင်း
- လိုအပ်သည့် အာဟာရပြည့်မီအောင်ကျွေးခြင်း
- နွားအား သက်သောင့်သက်သာရှိနေခြင်း

* ဇီးရှိသော နို့နားနွားမများ *

(၁) ဇီးရှိနွားမအတွက် တစ်နှစ်လျှင် နို့နားကာလ ၂ လခန့်ထားပေးရမည်။
(၂) နွားကလေးမွေးဖွားမှုအရဆိုသော်လည်း  ဇီးရှိနို့နားနွားမသည် ခြံရှိ နွားမအရေအတွက်၏ ၂၀ % ထက်မပိုသင့်ပေ။ (မည့်သည့် အချိန်အခါတွင်ဖြစ်ဖြစ်)
(၃) ခြံ၏ သားပေါက်နှုန်းနှင့် နို့ထွက်နှုန်းစသည့် လည်ပတ်မှုလမ်းကြောင်းသည် နွားကို တနှစ်ပတ်လုံး သူလိုအပ်သည့်ပမာဏပြည့်မီအောင်ကျွေးနိုင်မှုပေါ်မူတည်သည်။ ဒါမှလည်း မျိုးပွားမှုဆိုင်ရာလုပ်ဆောင်မှုကောင်းများ ရနိုင်ပါမည်။
(၄) နွားမတမ်းသည် အသက် ၂ နှစ်တွင် ပထမသားမွေးနိုင်ရမည်။

* အသက်ကြီးသောနွားမများ *

ခြံတွင် အသက်ကြီးသောနွားမများ များလွန်းလျှင် -
(၁) ကျန်းမာရေးပြဿနာများ များလာခြင်း
(၂) သေနှုန်းမြင့်လာခြင်း
(၃) နို့အုံရောင်ရောဂါဖြစ်နှုန်းများလာခြင်းနှင့် နို့အရည်အသွေးကျလာခြင်း
(၄) ဇီဝကမ္မဆိုင်ရာပြဿနာများ များလာခြင်း
(၅) သားအောင်နှုန်းနည်းလာခြင်း
(၆) အသက်ကြီးသည့်နွားများနေသည့်အတွက် နေရာအစားထိုးဖြည့်ရာတွင် တစ်ကြိမ်တည်းဖြင့် ငွေအများအပြားသုံးစွဲရခြင်း

* နွားမများရွေးချယ်ခြင်း *

(၁) ရွေးချယ်မှုပြုလုပ်ရာတွင် မှတ်တမ်းသည် အဓိကဖြစ်သည်။ နွားများ မွေးစအရွယ်မှစ၍ မှတ်တမ်းထားရှိရမည်။
(၂) ခြံရှိနွားမကြီးအုပ်စု အရေအတွက်၏ ၂၀ - ၂၅% ကို အစားထိုးအုပ်စုအဖြစ် မွေးမြူထားရမည်။
(၃) ဥပမာ - လက်ရှိ နို့ညှစ်နွားမနှင့် ဇီးရှိနို့နားနွားမ စုစုပေါင်း အကောင် ၂၀ ရှိလျှင် အစားထိုးအုပ်စုအဖြစ် နွားကလေး ၅ ကောင်မွေးမြူထားရမည်။
(၄) ခြံရှိ နို့ထွက်ကောင်းသောနွားမများကို စောင့်ကြည့်မှတ်သားထားရမည်။
(၅) ခြံမှ ထုတ်ပယ်မည့်နွားများကို သားစပ်ခြင်းမပြုရ။
(၆) မျိုးချောင်းဖြင့်မဟုတ်ဘဲ နွားသိုးနှင့်စပ်မှသာလျှင် သားရသော နွားမများသည် မျိုးပွားမှုအရ ကောင်းမွန်ခြင်းမရှိသော်လည်း နို့ပေးကောင်းသည့်ထဲပါလျှင် ခြံနို့ထွက်နှုန်းထိန်းနိုင်ရန်  မွေးမြူထားသင့်သည်။

* ဝယ်ယူရန် နွားမများ ရွေးချယ်ခြင်း *

(၁) အနေအထားကောင်းရမည်။
(၂) ခြေလက် တောင့်တင်းရမည်။
(၃) နို့အုံကောင်းမွန်ပြီး နို့တိုင်များ အနေအထားမှန်ရမည်။
(၄) မတမ်းဝယ်လျှင် တခြားသူများ မကြိုက်သည့်ပယ်နွားမဖြစ်စေရ။
(၅) နွား၏ အမူအကျင့်ကို လေ့လာပြီးမှ ဝယ်သင့်သည်။

ဥပမာ -
နို့ညှစ်နွားမ              - ၂၀ (ကောင်)
ဇီးရှိနို့နားနွားမ         -  ၄ (ကောင်)
(နွားမအရေအတွက်၏ ၂၀% ထက်မပိုရ)     
နွားကလေး (အစားထိုးအုပ်စု)   -  ၆ (ကောင်) (နို့ညှစ်နွားမ + ဇီးရှိနို့နားနွားမ၏ ၂၀ - ၂၅%)

*** နွားမများသည် နွားကလေးမွေးပြီး ၃ လ အတွင်း သားပြန်တင်နိုင်ပြီး သားရရမည်။

Credit ;Myanmar-New Zealand Dairy Excellent Programmer-MDEP


Comments

Popular posts from this blog

ဒေသကြက်မွေးမြူနည်း အစာစပ်နည်းနှင့် အခြားစနစ်များ

ဈေးကွက်အာမခံချက် အခိုင်အမာရရှိထားတဲ့ မြန်မာတိုင်းရင်းကြက်တွေကို စီးပွားဖြစ်ဘယ်လိုမွေးမြူကြမလဲ…အပိုင်း(၁)