ဈေးကွက်အာမခံချက် အခိုင်အမာရရှိထားတဲ့ မြန်မာတိုင်းရင်းကြက်တွေကို စီးပွားဖြစ်ဘယ်လိုမွေးမြူကြမလဲ…အပိုင်း(၁)
ဈေးကွက်အာမခံချက် အခိုင်အမာရရှိထားတဲ့ မြန်မာတိုင်းရင်းကြက်တွေကို စီးပွားဖြစ်ဘယ်လိုမွေးမြူကြမလဲ…အပိုင်း(၁) မြန်မာ့တိုင်းရင်းကြက်မွေးမြူရမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ မွေးမြူသူတွေအများဆုံးဖြစ်တဲ့ နည်းစနစ်(၂)မျိုးရှိပါတယ်။ ပထမနည်းစနစ်က ကိုယ်တိုင်မျိုးခြံတွေထောင်ပြီး မျိုးကြက်မတွေမွေးမြူကာ ဥဖောက်စက်နဲ့ ကြက်သားပေါက်တွေကိုစနစ်တကျ မွေးမြူနည်းစနစ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိရိုးဖလာနည်းဖြစ်တဲ့ ကြက်ဖနဲ့ကြက်မကိုသားဖောက်ခိုင်းပြီး ကြက်ပေါက်လေးတွေကို ကြက်မပြန်ထိန်းတဲ့နည်းစနစ်ဖြစ်ပါတယ်။ အရင်ဆုံး မိရိုးဖလာ မွေးမြူနည်းစနစ်တွေနဲ့ ဘယ်လိုမွေးမြူလဲ လေ့လာကြည့်ရအောင်…. မိရိုးဖလာနည်းကို ဥဖောက်စက်မသုံးနိုင်တဲ့ကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင် မွေးမြူလို့ရနိုင်တဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီနည်းစနစ်က ကြက်ဖနဲ့ကြက်မကို သားဖောက်ကာ ကြက်မကိုပဲသားထိန်းခိုင်းတဲ့ စနစ်တစ်ခုဖြစ်ပြီး မွေးမြူသူက လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အဆိုပါနည်းစနစ်ရဲ့ အဓိကလုပ်ဆောင်ရမယ့် အချက်တွေကတော့ ကြက်သားပေါက်မယ့် ကြက်မတွေကို ဥများများဝပ်နိုင်ဖို့အတွက် အစာရေစာအဟာရပြည့်ဝစွာကျွေးဖို့လိုအပ်ပါတယ်။ ကျေ