ငါးရံ့မွေးမြူရေး(လက်တွေ့အောင်မြင်နေသူမှတ်တမ်း)
''ဒေသခံတိုင်းရင်း ငါးရံ့မွေးမြူရေးအကြောင်း
သိကောင်းစရာ'' ============================
ဒီတစ်ပတ် '' Culture '' လေးကတော့
မိမိဒေသတွင်းရှိတဲ့ ငါးရံ့မွေးမြူရေးအကြောင်း
လေးဖြစ်ပါသည် ကျနော်ကတော့ မွေးမြူရေးကန်များ
သို့ အားတဲ့အချိန်လေးတွေ လေ့လာဖြစ်ပါသည်
တစ်ယောက်နဲ့တစ်ယောက်တော့မတူကြဘူး
နည်းစနစ်ပိုင်းတွေကွာသလို မွေးမြူတာလည်း
ကွာခြားကြတယ် ကိုယ့်ဆီကပညာပေးနိုင်သလို
သူ့တို့ဆီကလည်း နည်းပညာအသစ်တွေထပ်ရ
တာကို တွေ့ရှိရပါသည်။ ထိုကြောင့်ကျနော် လေ့လာမိသလောက်
ထပ်မံမျှိဝေခြင်းဖြစ်ပါသည်။
. . . . .ငါးရံ့မျိုးစိတ်များ မြောက်မြားစွာရှိသည့်
အနက် မြန်မာနိုင်ငံတွင် ငါးရံ့ ( ၅ ) မျိုးရှိပါတယ်
၁။ ငါးရံ့အောက်
၂။ ငါးရံ့ဒိုင်
၃။ ငါးအုံးမတ်
၎။ ငါးရံ့ပနော်
၅။ ငါးရံ့ခေါင်းတို တို့ဖြစ်ကြပါတယ်
ဒီအထဲမှာ ကြီးထွါးနှုန်းကောင်းမွန်သည့်
ငါးရံ့အောက်အမျိုးအစားကို ရွေးချယ်မွေး
မြူသင့်ပါသည်။
မွေးမြူသင့်သည့် မြေနေရာ ရွေးချယ်ခြင်း
တစ်နှစ်ပတ်လုံးရေနေနိုင်သည့် မြေဖြစ်ရပါမယ်
ရေကိုကောင်းစွာထိန်းသိမ်းနိုင်သည့် ရွံ့စေးမြေ
ရွံ့နှုန်းမြေဖြစ်ရပါမည် ဒေသ၌ ငါးရံ့သားပေါက်
များအလွယ်တကူရနိုင်သည့်နေရာမျိုးဖြစ်ရပါမယ် . . .
'' ကန်တူးဖေါ်ခြင်း ''
မွေးမြူသူများအနေဖြင့် မိမိနေအိမ်အတွင်းရှိ
တနိုင်တပိုင်ကန်များ၌ မွေးမြူနိုင်သကဲ့သို့
စီးပွါးဖြစ် မွေးမြူလိုပါက တစ်ဧကကန်များအထိ
တိုးချဲ့မွေးမြူဖို့လိုအပ်ပါတယ်. . .
ရေအနက် ၃ ' မှ ၅'ခန့်အထိ တူးဖေါ်ရပါမယ်
ရေကိုအမြဲထိမ်းထားရမည် မိုးများသည့်အခါ ကန်ရေလျှံခြင်းမှ ကာကွယ်ရန် ကန်ဘောင်ထိပ်မှ ရေလျံပေါက်ထားပေးရမည်။
ကန်ဘောင်ဘေးပတ်လည်တွင် အရိပ်ရ ငှက်ပျောပင်များစိုက်ပေးရန် Blue Net ခြင်ထောင်စက ကာရံထားရမည်။
'ကန်အခြောက်ခံခြင်း''
ကန်အခြောက်ခံသင့်ပါသည် ကန်အခြောက်ခံသည့်အခါတွင်
ကန်အောက်ခြေ မြေကြီးပတ်ကြားအက်ကွဲသည်အထိ အခြောက်ခံသင့်သည်
''ထုံးထည့်ခြင်း''
ဖေါက်ထုံးဟုခေါ်သည့် Ca ( OH )2 ကိုသာ
အများဆုံးအသုံးပြုသင့်တယ် ထုံးထည့်ရာ
တွင်တွင်ကန်အောက်ခြေကြမ်းပြင်ပေါ်တွင်
သာမက ကန်ဘောင်အပေါ်ပတ်လည်တွင်
ပတ်ဖြန်းပေးရမည်
ရေသြဇာတက်ရန်ဆောင်ရွက်ခြင်း
သားပေါက်များကို ပြုစုနေစဉ် ကာလအတွင်း
အစာအလုံအလောက်ရရှိရန်အရေးကြီးပါသည်
သေးငယ်သော သားပေါက်များဖြစ်တဲ့အတွက်
ရေကူးသွားလာရာတွင် အချိန်ကြာကြာ အဝေး
ကိုမကူးခတ်နိုင်သေးပါ။ယင်းကြောင့်သဘာဝ
အစာများကြွေဝနေရန်လိုအပ်ပါသည်
ယူရီးယားနှင့်တီစူပါတို့ကို ထည့်ပေးနိုင်သည်
အရင်တစ်ပတ်လည်းဖေါ်ပြပေးတာမှာတော့
ပါသွားပြီး နွားချေး ကြက်ချေးထည့်ပေးခြင်းဖြင့်
လည်း ရေသြဇာဓါတ်ကြွေဝစေပါသည်
ရေအရောင်စိမ်းလာပါက ငါးရံ့သားပေါက်များ
ကိုထည့်နိုင်ပါပြီ ငါးသားပေါက်နားခိုရန်
အရိပ်ရ ဗေဒါပင် အနည်းငယ်ထည့်ပေးနိုင်ပါသည်။
ငါးရံ့သားပေါက်ကို တစ်ဧက ၁၀၀၀၀နှုန်းဖြင့်ထည့်သွင်း
မွေးမြူနိုင်ပါသည် သားပေါက်များအရွယ်အစားညီပါက
အဖတ်တင်နှုန်းကောင်းမွန်ပြီး ကြီးထွါးနှုန်းကောင်းပါသည်
အစာကျွေးခြင်း
ငါးရံ့များသည် အသားစားသတ္တဝါ
( Carnivorous ) ငါးမျိုးဖြစ်၍ ကြီးထွါးနှုန်း
ပိုမိုကောင်းမွန်စေသည် ယင်းကြောင့် အသား
ဓါတ် ၂၅ % ၃၅ % အထိပါဝင်အစာကိုကျွေးသင့်
ပါသည် ဖွဲနု ၃၀% ငါးကြေမှုန့် ၄၀% ပဲဖန် ၃၀ %
စပ်၍လည်းကျွေးနိုင်ပါသည်
မွေးမြူကာလ ၈ လအကြာတွင် ၄၀ ကျပ်သားမှ
၆၀ ကျပ်သားထိ ကြီးထွါးနိုင်ပါသည်။
တခြားငါးများနှင့်တွဲဖက်ရောနှောမွေးမြူရန် မသင့်တော်ပါ
သားပေါက်များစုဆောင်းနိုင်သည့် နည်းလမ်းများ
ငါးရံ့သားပေါက်များကို ယခင်က ဆေးထိုးသား
ဖေါက်နည်းဖြင့်မဆောင်ရွက်နိုင်သေးဖြင့် သဘာဝအတိုင်း သားဖေါက်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်
သားဖေါက်ရာတွင် ၂၀ ပတ်လည်
ခန့်ကန်ငယ်ထဲတွင် တစ်နှစ်သားအထက်ကို
ငါးရံ့အထီးအမ ကိုထည့်ကာ မျိုးဖေါက်သည်
ငါးရံ့သည် အသိုက်ပြုလုပ်ဥအုတတ်သည့်
အတွက် အပင်အခက်များထည့်ထားရန်လိုအပ်ပါသည်
အသိုက်အဖွဲ့ ဥအုချပြီး တစ်ပတ်ခန့်အကြာ သား
ပေါက်နိုင်သည် သားပေါက်များကို ၂ လက်မ
၃ လက်မ ရရှိကပိုမိုကောင်းမွန်ပါသည်
ယခုဆေးထိုးသားပေါက်တဲ့ နည်းဖြင့်လည်း
အောင်မြင်စွာပေါက်နိုင်သော်လည်း
အနည်းအကျဉ်းသာရှိနေပါသေးသည်
ငါးရံ့မျိုးငါးအမများသည် မေလမှ စက်တင်ဘာလအတွင်း ရေကန်များ ရေလျှံကွင်းများ ချောင်း မြောင်း အင်းအိုင်များ၌ သဘာဝအတိုင်းမိတ်လိုက်ဥအုချလေ့ရှိကြသည်
အဓိကအသိုက်အအုံပြုလုပ်ကာ ဥအုချတတ်ကြသည် သားပေါက်များ ငါးမှုန်အဆင့်မှာ ငါးသန်ဖြစ်သည်အထိ
အနီရောင်ရှိကာ အုပ်စုလိုက် ကူးခတ်သွား
လာနေတတ်ကြသည် ငါးအမသည် ငါးသားပေါက်အုပ်စုလိုက်
ကူးခတ်သွားနေစဉ် ရေအောက်မှ လိုက်ပါလျှက်ရှိတတ်သည် အဆိုပါသားပေါက်များကို နိုင်လွန်ဇာပြာ ခြင်ထောင်စ ဒိုင်းကွင်း
တို့ဖြင့် အလွယ်တကူ ဖမ်းယူစုဆောင်းပြီး
အသားတိုးကန်ထဲထည့်သွင်းမွေးမြူနိုင်ပါသည်။
ငါးရံ့မျိုးငါးများသည် ကြီးထွားနှုန်းကောင်းမွန်
ခြင်း အသားများပြားခြင်း အရိုးနည်းပါးခြင်း
အသားချိုမြိန်ခြင်းတို့ကြောင့် မြန်မာလူမျိုးများ
သည်နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသည်
ငါးရံ့သည် တခြားငါးများထက်အကြမ်းခံနိုက်ခြင်း
ရောဂါဒဏ်ခံနိုင်ခြင်းရေနောက်ကျိမှုလည်းခံနိုင်ပြီး ဈေးကွက်လည်းကောင်းမွန်ကြောင်းဖေါ်ပြအပ်ပါသည်။
#ကြော်ညာ
ငါးရံသားပေါက် လိုသလောက်ရမည်။
09448048255/09976124196 သန်လျင်။
အစာစားကြူး / မွေးရလွယ်ကူသောကြောင့်
တစ်ဖက်တစ်လမ်းက ဝင်ငွေရနိုင်သော ငါးအမျိုးအစားဖြစ်သည်။
ဈေးကွက်အနေကတော့ ပြောရန်လိုတော့မည်မထင်ပါ။
တာပေါ်လင်ကန်ဖြင့် ငါးခူ ငါးပြေမ မွေးသလို မွေးနိုင်သည်။
သဘာဝမြေကန်သည် အကောင်းဆုံးဖြစ်သည်။
အသေးစိတ်ကို page ထဲတွင်လေ့လာနိုင်သည်။
ငါးရံသားပေါက်VIDEOဖိုင်
https://m.facebook.com/story.php?story_fbid=525156914553640&id=412515365817796



Comments
Post a Comment